TIME STUDY ဂျပန်စာသင်တန်းကျောင်းကို ဘာကြောင့်ရွေးချယ်သင့်သလဲ

  • TIME STUDY JAPANESE LANGUAGE EDUCATION CENTER သည် ကျောင်းသားများအား သင်ကြားပြသပေးသည့် သင်ရိုးစာအုပ်များအတွက် ဂျပန်နိုင်ငံမှ နောက်ဆုံးထွက်ရှိထားသည့် ဖတ်စာအုပ်အသစ်များကိုသာဂျပန်နိုင်ငံမှ တိုက်ရိုက် ဝယ်ယူ၍ သင်ကြားပေးပါသည်။ ထို့အပြင် မြန်မာကျောင်းသားများ၏လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် ကိုယ်ပိုင်သင်ရိုးများရေးဆွဲ၍ သင်ကြားရေးတွင် ထိရောက်မှန်ကန်မြန်ဆန်မှုရှိအောင် အထူးကြိုးစားအားထုတ်၍ သင်ကြားပေးပါသည်။ ဂျပန်စာသင်ကြားရေးအပြင် သိထားသင့်သော ဂျပန်နိုင်ငံ၊ ဂျပန်လူမျိုးတို့၏ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုသမိုင်း၊ ဗဟုသုတနှင့် သိမှတ်ဖွယ်ရာများကိုပါ အတူတွဲဖက်၍သင်ကြားပေးပါသည်၊၊
  • သင်ကြားပေးသောဆရာများမှာ မြန်မာနိုင်ငံရှိနိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ဂျပန်နိုင်ငံရှိဂျပန်စာသင်ကျောင်းတွင်လည်း ပညာသင်ကြားခဲ့ပါသည်။ ဂျပန်ကုမ္ပဏီတွင်အလုပ်လုပ်ခဲ့ဖူးသောအတွေ့အကြုံများလည်းရှိသောကြောင့် ဂျပန်လူမျိုးတို့၏ BUSINESS MANNER များ၊ စဉ်းစားပုံစဉ်းစားနည်းနှင့် လုပ်ငန်းခွင်အတွေ့အကြုံများကိုပါ ပြန်လည်မျှဝေပေးနိုင်သူများ ဖြစ်ပါသည်။ ထို့အပြင်ဂျပန်နိုင်ငံတွင် ၁၈ နှစ်ခန့်နေထိုင်ခဲ့ပြီး ဂျပန်စာပေနှင့်ယဉ်ကျေးမှုကို ကောင်းမွန်နှံ့စပ်စွာသင်ယူလေ့လာခဲ့သည့် ဆရာလည်းရှိပါသည်။ အခြား ဆရာမများမှာလည်း ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော၊ လက်ရှိတွင်လည်းပညာသင်ကြားနေသော ဂျပန်စာ N2, N3 Level ရှိကြသူများဖြစ်ပါသည်။
  • TIME STUDY JAPANESE LANGUAGE EDUCATION CENTER သည် အထူးသဖြင့် အလုပ်တဖက်နှင့် ဂျပန်စာသင်ကြားလိုကြသူများအတွက် အဆင်ပြေလွယ်ကူစေရန် သင်တန်းချိန်များကို ရုံးပိတ်ရက် စနေ၊တနင်္ဂနွေတွင် N5 မှ N1အထိ လေ့လာသင်ယူနိုင်အောင်စီစဉ်ထားရှိပေးထားပါသည်။ ရန်ကုန်မြို့မှလမ်းပန်းဆက်သွယ်ရေးအဆင်ပြေလွယ်ကူသော  ညောင်တုန်း၊ မအူပင်၊ ပဲခူး စသည့်မြို့များမှ နေ့ချင်းပြန်၍သော်လည်းကောင်း၊ သောကြာနေ့တွင် နေပြည်တော်မှ ကားစီးလာပြီး စနေ၊တနင်္ဂနွေနှစ်ရက် ဂျပန်စာသင်ယူ၍ တနင်္ဂနွေညကားဖြင့် နေပြည်တော်သို့ပြန်ကာ တနင်္လာနေ့တွင် လုပ်ငန်းခွင်ပြန်ဝင်ကြသူများလည်းရှိပါသည်။ ထိုမျှအထိ ကျောင်းသားများအဆင်ပြေစွာ သင်ယူနိုင်အောင်သင်တန်းချိန်များကို သေချာစွာစဉ်းစား၍ရေးဆွဲပေးထားပါသည်။ 
  •  
  • ထို့အပြင် ဆရာ၊ ဆရာမများအနေဖြင့် ဂျပန်နိုင်ငံတွင် နေထိုင်ခဲ့စဉ်ကအတွေ့အကြုံများနှင့် ကျောင်းသားဘဝအတွေ့အကြုံများမှအခြေခံ၍ ဂျပန်နိုင်ငံသို့ သွားရောက်၍ ကျောင်းတက်လိုသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အစစအရာရာအဆင်ပြေချောမွေ့စေရန်လိုအပ်သည့်ကူညီလမ်းညွှန်အကြံပေးမှုများကိုပါ မေတ္တာဖြင့်အခမဲ့ကူညီဆောင်ရွက်ပေးနေလျှက်ရှိပါသည်။  ဂျပန်နိုင်ငံတွင်ပြဿနာ တစုံတရာပေါ်ပေါက်ခဲ့ပါလျှင်လည်း  အကူအညီပေးနိုင်သည့် အဖွဲ့အစည်းများနှင့်ချိတ်ဆက်ကူညီဖြေရှင်းပေးပါသည်။ 
  • TIME STUDY တွင် ပညာသင်ကြားနေကြသော ကျောင်းသားများအတွက် ဂျပန်စာသင်ကြားရာတွင် အခြေခံမှစ၍အဆင့်မြင့် LEVEL အထိ ဘာသာရပ်အားလုံးအား တစ်နေရာထဲတွင်ပြည့်စုံစွာသင်ယူနိုင်မည့်အပြင်၊ NATIVE SPEAKER လိုအပ်သော သင်ခန်းစာများအတွက်လည်း ဂျပန်ဆရာမှစနစ်တကျလေ့ကျင့်သင်ကြားပေးနေပါသည်။  
  • ဂျပန်နိုင်ငံသို့သွားရောက်ပညာသင်ယူမည့်သူများအတွက် အဖြစ်မနေသိထားသင့်သည့် ဂျပန်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်းဥပဒေနှင့် လိုအပ်သည့်ဘာသာရပ်နှင့် ဗဟုသုတများကို အထူးပြုသင်ကြားပေးနေသည့် မြန်မာနိုင်ငံတွင် ဤတစ်ကျောင်းထဲတွင်သာ သင်ကြားပေးသည့် PREPARATION COURSE နှင့် ဂျပန်ကုမ္ပဏီတွင်အလုပ်ဝင်မည့်သူများအတွက် BUSINESS MANNER COURSE ကိုပါ သင်ကြားပေးနေသောကြောင့် သင်တန်းကျောင်းအနေဖြင့် ကျောင်းသူ၊ ကျောင်းသားများ၏ လိုအပ်ချက်များအား လိုလေသေးမရှိရလေအောင် ထောင့်ပေါင်းစုံအဘက်ဘက်မှ ဖြည့်ဆည်းပေးထားပြီးလျှင် တစ်နေရာထဲတွင် အစုံလင်ဆုံးသင်ယူလေ့လာနိုင်အောင် ဆောင်ရွက်ထားရှိပေးထားသော သင်တန်းကျောင်းဖြစ်ပါသည်။

၈+


သင်တန်းများ

၆+


ဆရာ၊ဆရာမများ

၁၁၁၆+


ကျောင်းသားများ

၃+


သင်တန်းခွဲများ