E-LEARNING CENTER

TIME STUDY ဂျပန်စာသင်တန်းကျောင်းသို့ လာရောက်သင်ယူရန်အခက်အခဲရှိသူများ၊ အဝေးမှသင်ယူလိုကြသူများအတွက် N3, N2, N1 Course များကို Online မှ တဆင့် သင်ယူလေ့လာနိုင်ကြစေရန် Online Learning Center ကို ဖွင့်လှစ်ထားပါသည်။N5 နှင့် N4 အတွက် Online Class ကိုလည်း မကြာမီဖွင့်လှစ်ပေးသွားပါမည်။
လေ့လာသင်ယူလိုသူများ ဖော်ပြထားသော ကျောင်းဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာမှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

TIME STUDY ONLINE CLASS သင်ယူကြမည့် ကျောင်းသားကျောင်းသူများသို့ အသိပေးကြေငြာချက်နှင့် စည်းကမ်းချက်များ 

ဤ E- Learning Center သည် ဂျပန်စာကို ရပ်ဝေးမှဆက်လက်လေ့လာရန်ခက်ခဲနေသူများအတွက် အကုန်အကျများစွာဖြင့် ပြုလုပ်ဖွင့်လှစ်ပေးထားသော သင်ကြားရေးစင်တာတစ်ခုဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် Website တွင် သင်ကြားရေးအထောက်အကူပြုရန်အတွက် တင်ပေးထားသောဗွီဒီယိုဖိုင်နှင့် ဘာသာပြန်သင်ကြားပေးချက်များကို သင်တန်းကြေးပေးသွင်း၍ လေ့လာနေကြသူများသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာရန်လိုအပ်ပါသည်။ (၁) မိမိ၏ Log In နှင့် Password နံပါတ်များကို မိမိတစ်ဦးတည်းသာအသုံးပြုရန်။ အကယ်၍ မှတ်တမ်းများအရ သိရှိရပါက သင်တန်းမှချက်ချင်းထုတ်ပယ်မည်ဖြစ်ပါသည်။ (၂) သင်ကြားရေးအထောက်အကူပြု ဗွီဒီယိုဖိုင်နှင့် Handout များကို live လွှင့်ခြင်း တဆင့်ပြန်လည်ဖြန့်ချီခြင်း၊ ဖျက်လိုချက်ဆီးစိတ်ဓာတ်ဖြင့် ပြုမူလုပ်ဆောင်ချက်များပေါ်ပေါက်ပါက Website မှ တဆင့်ခြေရာခံ၍ မူရင်းဖြန့်ချီသူ၊ ဝေမျှသူများကို မြန်မာနိုင်ငံဆက်သွယ်ရေးဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။ (၃) သင်တန်းတက်ရောက်သူများအနေဖြင့် ဝင်ရောက်လေ့လာမှု၊ စာမေးပွဲဖြေဆိုမှု၊ ဗွီဒီယိုဖိုင်များကြည့်ရှုလေ့လာမှု အချိန်နာရီ မှတ်တမ်းများအားလုံးကို အစဉ်အမြဲစစ်ဆေးနေမည်ဖြစ်သောကြောင့်စနစ်တကျ၊ စည်းကမ်းတကျဖြင့် လေ့လာနိုင်ကြစေရန် ကြိုတင်သတိပေးအပ်ပါသည်။ (၄) သင်ကြားပို့ချပေးသူ ဆရာအနေဖြင့်လည်း ကျောင်းသူ၊ ကျောင်းသားများအပေါ်တွင် စေတနာရှေ့ထား၍ အကောင်းဆုံးနည်းလမ်းများဖြင့် သင်ကြားပြသပေးသွားမည်ဖြစ်သောကြောင့် လေ့လာသင်ယူကြမည့် ကျောင်းသားကျောင်းသူများအနေဖြင့်လည်း အပြန်အလှန်အားဖြင့် အကျိုးရှိစွာ စနစ်တကျ၊ စည်းကမ်းတကျလေ့လာသင်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ရုံးသုံး EMAIL