N5  သင်ကြားရေး

  • သင်ကြားရေးစာအုပ်များမှာ နမူနာအဖြစ်တင်ထားပေးခြင်းသာဖြစ်ပါသည်။အပြောင်းအလဲရှိပါသည်။

ဂျပန်စာသင်ကြားရာတွင် N5, N4, N3, N2, N1ဟူ၍အဆင့်ငါးဆင့်ရှိပါသည်။

 

အခြေခံအဆင့်မှာ N5 ဖြစ်ပါသည်။

 

 

N5 

အောက်တွင်ဖော်ပြထားသော

ဂျပန်စာရေးသားနည်းလေးမျိုးမှစတင်၍ သင်ကြားပေးပြီး

(1) Romaji

(2) Hiragana

(3) Katakana

(4) Kanji

စသည်တို့ကိုသင်ကြားပေးပြီးလျှင် ကိန်းဂဏန်းနှင့်အရာဝတ္ထုများရေတွက်ခြင်းတို့နှင့်အတူအခြေခံအဆင့်မှာသိထားသင့်သည့် ဝေါဟာရများ….

(5) Verb (1) (2) (3) အုပ်စုသုံးစုခွဲပုံခွဲနည်းနှင့် Verb Form များကိုသင်ပေးပြီးလျှင်

(6) Nai Form

(7) Tai Form

(8) Te Form

(9) Ta Form

(10) Kano Form

များကိုသင်ပေးခြင်း

(11) Adjective နှစ်မျိုးဖြစ်သည့် Na Adjective နှင့် i Adjective တို့၏အသုံးအနှုန်းပုံစံများကိုသင်ကြားပေးပါသည်။

အခြေခံသင်ရိုးအတွက် Notes စာအုပ်မှာ TIME STUDYမှ မြန်မာနိုင်ငံမှကျောင်းသားများနှင့်ကိုက်ညီမှုရှိအောင် စီစဉ်တည်းဖြတ်ထားသော ကိုယ်ပိုင်ပြုလုပ်ထားသည့် စာအုပ်ဖြစ်ပါသည်။

 

Grammar, Listening, Reading နှင့် Speaking စွမ်းရည်များအတွက်ကောင်းမွန်စွာအသုံးချနိုင်အောင်သင်ကြားပေးပါသည်။ပြီးစီးသွားသည့် သင်ခန်းစာအလိုက် စာမေးပွဲများစစ်ခြင်း၊ JLPT စာမေးပွဲအတွက် မေးခွန်းဟောင်းများလေ့ကျင့်သင်ကြားပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးပါသည်။

 

N5 သင်ကြားရေးကဏ္ဍ

ပထမဦးဆုံးအနေနှင့် ဂျပန်စာ N5 လေ့လာရာမှာ သိထားသင့်တဲ့ သဒ္ဒါနှင့်ပတ်သက်တဲ့ အခေါ်အဝေါ်များကို ဖော်ပြပေးသွားပါမည်။ 

 

品詞(ひんし) Part of Speech 

(1) 名詞(めいし) NOUN (N)   

えんぴつ(ခဲတံ) 、日本語(にほんご) (ဂျပန်ဘာသာ) 、病気(びょうき) (နေမကောင်းဖြစ်ခြင်း၊ ရောဂါ)

 

(2) い形容詞 (いけいようし) (い ADIECTIVE) (いA)

大き(おおき)い(ကြီးသော ) 、小(ちいさい)(သေးသော) 、おいしい (အရသာရှိသော) 

(3) な形容詞 (なけいようし) (な ADJECTIVE)  (なA) 

元気な(げんき) ကျန်းမာသော၊ နေကောင်းသော, 便利な(べんりな)(အဆင်ပြေသော) 、静(しず)かな (တိတ်ဆိတ်သော)

(4) 動詞(どうし) VERB (V)

行(い)く(သွားသည်) , 食(た)べる(စားသည်) 勉強(べんきょう)する(စာလေ့လာသည်)

 

 

 

動詞(どうし)の活用形(かつようけい) Verb Conjugation 

 

(1) ます形(けい)   ます FORM (V – ます)

行(い)きます (သွားသည်။ ယဉ်ကျေးအသုံးအနှုန်း)

(2) 辞書形 (じしょけい) DICTIONARY FORM (V – る)

行(い)く(သွားသည်။)

(3) て形 (けい) てFORM (V− て)

行(い)って (သွားပြီး)

(4) た形(けい) たFORM (V – た) 

行(い)った (သွားခဲ့တယ်)

(5) ない形(けい) ないFORM (V – ない)

行(い)かない (မသွားဘူး)

(6)動詞(どうし)の普通形(ふつうけい)

PLAIN FORMS OF VERBS (V – PL)

行(い)く、行(い)かない、行(い)った、行(い)かなかった

(ます、です မပါသောပုံစံ။)

が ကို ဘယ်လိုသုံးမလဲ နှင့် အသုံးပြုပုံပြုနည်းများ

(1) 自動詞(じどうし)ကို ခေါင်းစဉ်အနေနဲ့အဓိကထားပြီး အသုံးပြုတဲ့အခါ

 

 

 

公園(こうえん)にひとがおおぜいいます。

 

 

 

ပန်းခြံမှာ လူတွေအများကြီးရှိတယ်။

 

 

 

雨(あめ)がふっています。

 

 

 

မိုးရွာနေတယ်။

 

 

 

(2)ခါင်းစဉ်တစ်ခုရဲ့ တစ်ခုသောအခြေအနေရဲ့ ကတ္တားပုဒ်အနေနဲ့အသုံးပြုတဲ့အခါမှာ(〜は〜が〜)

 

 

 

像(ぞう)は目(め)が小(ちい)さい。

 

 

 

ဆင်သည်မျက်လုံးက သေးငယ်သည်။

 

 

 

弟(おとうと)は足(あし)がとても長(なが)い。

 

 

 

မောင်လေးသည် ခြေတံအလွန်ရှည်သည်။

 

 

 

日本(にほん)は山(やま)がおおい。

 

 

 

ဂျပန်မှာတောင်များများပြားသည်။

 

 

 

(3)စကားပြောရာမှာ ပထမဆုံးစတင်ထွက်ပေါ်သည့်အကြောင်းအရာမှာ အသုံးပြုတဲ့အခါ

 

 

 

「あそこにきれいな女(おんな)のひとがいますね。あのひとはだれですか。」

 

 

 

ဟိုမှာ မိန်းမလှလေးရှိတယ်နော်။ သူကဘယ်သူလဲ

 

 

 

(4)အမေးပုံစံမျိုးနှင့်တွဲဖက်သုံးလိုသည့်အခါ

 

 

 

パーテイーにだれが来(き)ましたか。

 

 

 

ပါတီကို ဘယ်သူလာခဲ့သလဲ။

 

 

 

旅行(りょこう)はいつがいいですか。

 

 

 

 

 

ခရီးသွားတာ ဘယ်တော့ကောင်းသလဲ။

 

 

 

(5)စွမ်းဆောင်မှု (ပြုလုပ်နိုင်သည်၊ တော်သော၊ ညံ့သော၊ နားလည်သဘောပေါက်ခြင်း) စသည်တို့နှင့်အတူတွဲဖက်ပြီး အသုံးပြုသည့်အခါ

 

 

 

わたしは車(くるま)の運転(うんてん)ができます。

 

 

 

ကျွန်တော် ကားမောင်းတတ်ပါတယ်။

 

 

 

妹(いもうと)はピアノが上手(じょうず)です。

 

 

 

ညီမလေးက စန္ဒယားတီးတော်ပါတယ်။

 

 

 

彼(から)はテニスが下手(へた)です。

 

 

 

သူက တင်းနစ်ရိုက်တာတော်ပါတယ်။

 

 

 

父(ちち)はフランス語(ご)がわかります。

 

 

 

အဖေက ပြင်သစ်စကားနားလည်ပါတယ်။

 

 

 

(6)စိတ်ထဲတွင်ခံစားရသော ခံစားမှု၊ ဆန္ဒ နှင့် စိတ်ဝင်စားမှုများကို ဖော်ပြလိုသည့်အခါ

 

 

 

わたしはきれいな服(ふく)がほしい。

 

 

 

ကျွန်တော် အဝတ်လှလှလေးလိုချင်တယ်။

 

 

 

わたしは海(うみ)の絵(え)がかきたい。

 

 

 

ကျွန်တော် ပင်လယ်ပုံပန်းချီကားဆွဲချင်တယ်။

 

 

 

わたしは外国(がいこく)の文化(ぶんか)に興味(きょうみ)がある。

 

 

 

ကျွန်တော် နိုင်ငံခြားတိုင်းပြည်ကယဉ်ကျေးမှုတွေကို စိတ်ဝင်စားပါတယ်။

 

 

 

わたしは留学(りゅうがく)している娘(むすめ)が心配(しんぱい)です。

 

 

 

 

 

 

 

ကျွန်တော် နိုင်ငံခြားမှာပညာသင်နေတဲ့ သမီးကို စိတ်ပူတယ်။

 

 

 

彼は山登(やまのぼ)りが好(す)きだ。

 

 

 

ကျွန်တော် တောင်တက်ရတာကို နှစ်သက်တယ်။

 

 

 

(7)အမြင်၊ အကြား၊ အနံ့၊ အရသာ စသည့်အာရုံခံစားရသည့်အကြောင်းအရာများကို ဖော်ပြလိုသည့်အခါ

 

 

 

部屋(へや)から東京(とうきょう)タワーが見(み)えます。

 

 

 

အခန်းကနေ တိုကျိတာဝါကို မြင်ရပါတယ်။

 

 

 

ドアをたたく音(おと)がする。

 

 

 

အခန်းတံခါးခေါက်တဲ့အသံကြားရတယ်။

 

 

 

コーヒーのいい香(かお)りがする。

 

 

 

ကော်ဖီအနံ့လေးရတယ်။

 

 

 

レモンはすっぱい味(あじ)がする。

 

 

 

သံပုရာသီးက ချဉ်တဲ့အရသာရှိတယ်။

 

 

 

なにかいいことがありそうな気(き)がする。

 

 

 

တခုခုကောင်းတဲ့အရာရှိနေသလိုမျိုးစိတ်က ထင်နေတယ်။

 

 

 

(8)ပိုင်ဆိုင်မှုကိုဖော်ပြရာမှာ အသုံးပြုပါသည်။

 

 

 

わたしは車(くるま)が3台(だい)あります。

 

 

 

ကျွန်တော့မှာကားသုံးစင်းရှိပါတယ်။

 

 

 

彼女(かのじょ)は友達(ともだち)がたくさんいます。

 

 

 

သူမမှာ သူငယ်ချင်းတွေ အများကြီးရှိပါတယ်။

 

 

 

(9)ဆန့်ကျင်ဘက်စကားလုံး「しかし」သို့ရာတွင် ဟူသော အဓိပ္ဗာယ်အနေနှင့် အသုံးပြု လိုသည့်အခါ

 

 

 

あのレストランは高(たか)いですが、まずいです。

 

 

 

အဲဒီစားသောက်ဆိုင်က ဈေးကြီးပေမယ့် စားလို့မကောင်းဘူး။ (အရသာမရှိဘူး)

 

 

 

(10)အရှေ့မှကြိုတင်စကားခံစကားလုံး၏အနောက်ဘက်တွင် တွဲဖက်ပြီးအသုံးပြုသည့်အခါ

 

 

 

あのう、すみませんが、駅(えき)はどこですか。

 

 

 

အယ် စိတ်မရှိပါနဲခင်ဗျာ ဘူတာကဘယ်မှာပါလဲ။

 

 

 

(11)အကြောင်းအရာနှစ်ခုကို အတူယှဉ်တွဲပြီး ထုတ်ဖော်ပြဆိုလိုသည့်အခါ

 

 

 

姉(あね)は小学校(しょうがっこう)の先生(せんせい)ですが、弟(おとうと)は会社員(かいしゃいん)です。

 

 

 

အစ်မက အလယ်တန်းကျောင်းက ဆရာဖြစ်ပြီး မောင်လေးကတော့ ကုမ္ဗဏီဝန်ထမ်းဖြစ်ပါတယ်။

 

 

 

(12)အနောက်ဘက်မှဝါကျများကို အတိုချုံ့ခြင်း၊ မြှုပ်ခြင်းတို့ကိုပြုလုပ်ပြီး စိတ်ပူခြင်း၊ ပေါ့ပေါ့ပါးပါးခံစားရခြင်းကို ဖော်ပြလိုသည့်အခါ

 

 

 

事故(じこ)がなければいいのだが。

 

 

 

ယာဉ်တိုက်မှုသာမဖြစ်ဘူးဆိုရင် ကောင်းပေမယ့်လို့…

 

 

 

あのひとと一日(いちにち)でも早(はや)く結婚(けっこん)したいんですが。

 

 

 

အဲဒီလူနှင့် တစ်နေ့တစ်ရက်ပဲဖြစ်ဖြစ် စောစောလက်ထပ်ချင်ပေမယ့်လို့…

 

 

 

(13)Noun ကို အထူးပြုပြီးတည်ဆောက်ထားတဲ့ဝါကျရဲ့ Subject (ကတ္တား) အနေနှင့် အသုံးပြုလိုသည့်အခါ

 

 

 

わたしは彼(かれ)がつくった映画(えいが)を見(み)ました。

 

 

 

ကျွန်တော် သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကို ကြည့်ခဲ့တယ်။

 

 

 

これは友達(ともだち)がくれたペンです。

 

 

 

သည်ဟာကသူငယ်ချင်းကပေးခဲ့တဲ့ ပေါင်မုန့်ပါ။

 

 

Time Study