N2 သင်ကြားရေး

   N2 Level သည် ဂျပန်စာလေ့လာခြင်း၏ အမြင့်ဆုံး N1 Level သို့မရောက်မီတဆင့်ဖြစ်သောကြောင့် N1 အတွက် အခြေခံအုတ်မြစ်များကို ခိုင်ခိုင်မာမာတည်ဆောက်ရန်လိုအပ်သော နေရာဖြစ်ပါသည်။ JLPT N2 စာမေးပွဲတွင် ကျောင်းသားများအတွက် Reading ဖတ်စာအပိုင်းသည် အခက်ခဲဆုံးဖြစ်ပါသည်။ နားထောင်မှုစွမ်းရည်သည်လည်းခက်ခဲသလို ကြိုးစားအားထုတ်မှုကောင်းမွန်ဖို့ရန်လည်း အထူးလိုအပ်ပါသည်။ထို့ကြောင့် TIME STUDY မှ ကျောင်းသားများ၏ အဓိကလိုအပ်ချက်ဖြစ်သော Reading ဖတ်စာအခက်အခဲကို ကျော်လွှားနိုင်ရန်အတွက်  သဒ္ဒါ၊ စကားဆက်များ၊ စကားလုံးဝေါဟာရအဓိပ္ပာယ်နှင့်အသုံးအနှုန်းများကိုပါ သိရှိနားလည်ပြီးပေါင်းစပ်အသုံးပြုနိုင်ရန်ကဏ္ဍများခွဲ၍ မေးခွန်းဟောင်းလေ့ကျင့်ခန်းများနှင့်အတူစနစ်တကျလေ့ကျင့်သင်ကြားပေးနေလျှက်ရှိပါသည်။ပြီးစီးသွားသည့် သင်ခန်းစာအလိုက် စာမေးပွဲများစစ်ခြင်း၊ JLPT စာမေးပွဲအတွက် မေးခွန်းဟောင်းများလေ့ကျင့်သင်ကြားပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးပါသည်။

 

  • သင်ကြားရေးစာအုပ်များမှာ နမူနာအဖြစ်တင်ထားပေးခြင်းသာ ဖြစ်ပါသည်။          အပြောင်းအလဲရှိပါသည်။

JLPT N2 、N1 ー ဖတ်စာသင်ခန်းစာ (၁) 

                       JLPT စာမေးပွဲအတွက် Dokai ဖတ်တဲ့အခါမှာKey Point လေးတွေကိုဖမ်းယူပြီး အလွယ်တကူနားလည်သဘောပေါက်စေနိုင်ဖို့နဲ့ မကုန်သင့်တဲ့အချိန်တွေမကုန်ဘဲအဓိပ္ပာယ်လှည့်စားတတ်တဲ့ သဒ္ဒါအသုံးအနှုန်းလေးတွေကိုပါသတိပြုနိုင်အောင်တတ်နိုင်သမျှစုစည်းဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။
ပထမဦးစွာ (ない) နှင့်ပတ်သက်တဲ့ သတိပြုဖွယ်ရာလေးများကိုရေးပေးချင်ပါတယ်။
~ ほど… ものはない。
(~より) (~ が一番ん) ဆိုတဲ့အဓိပ္ပာယ်မျိုးပါ။
 ဥပမာ စာကြောင်းအနေနဲ့ပြောရမယ်ဆိုရင်…
ラーメンほどおいしいものはない。
ရာမန်(ခေါက်ဆွဲအမည်ပါ။) လောက်အရသာရှိတဲ့အရာမရှိဘူး။
ラーメンよりおいしいものはない。
တစ်နည်းအားဖြင့်ဆိုရမည်ဆိုပါလျှင်
私のためにはラーメンが一番おいしい。
ငါ့အတွက်တော့ရာမန်ကအရသာအရှိဆုံးပါ။ဆိုတဲ့အဓိပ္ပာယ်မျိုးရပါတယ်။
စာပိုဒ်အနေနဲ့ဖတ်ကြည့်ကြရအောင်ပါ။
その仕事ほどおもしろくない仕事はなのではないかと、私は思った。
(問い)
筆者はその仕事をどう思ったか?
(1) おもしろいと思った。
(2) つまらないと思った。
အဖြေမှန်ဘာဖြစ်မလဲစဉ်းစားကြည့်ကြရအောင်ပါ။
(ဘာသာပြန်)
သည်အလုပ်လောက် စိတ်ဝင်စားဖို့မကောင်းတဲ့အလုပ် မရှိတော့ဘူးလားလို့ ငါတွေးမိခဲ့တယ်။
တကယ်လို့များအဲဒီနေရာမှာ
その仕事ほどおもしろい仕事はない。
ဆိုရင်တော့ ..
一番おもしろい仕事。
(စိတ်ဝင်စားဖို့အကောင်းဆုံးအလုပ် ဖြစ်နေမှာပါ။)
ဒါပေမယ့်လို့
その仕事ほどおもしろくない仕事はない。
လို့ဆိုတဲ့အတွက်
それほどおもしろくない仕事はない。
ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားစေခဲ့ပါတယ်။
ဒါကြောင့်
一番おもしろくない仕事。
(စိတ်ဝင်စားဖို့မကောင်းဆုံးအလုပ် လို့ဆိုတဲ့ အဓိပ္ပာယ်မျိုးဖြစ်သွားပါတယ်။)
(ない) တွေများနေတဲ့အတွက်လည်း ရောထွေးမသွားဘဲနဲ့အကန့်လေးတွေခွဲပြီး စဉ်းစားသွားမယ်ဆိုရင်အဖြေမှန်ကို လွယ်ကူစွာနဲ့ပဲ ဖမ်းဆုပ်မိနိုင်မှာပါ။
ဒီလောက်အထိ စိတ်ဝင်စားဖို့မကောင်းတဲ့အလုပ်မရှိတော့ဘူးဆိုမှတော့ လုံးဝကိုစိတ်ဝင်စားစရာမကောင်းတာကသေချာသွားပါပြီ။ဒါကြောင့်အဖြေမှန်ကတော့နံပါတ်(၂) ဖြစ်တဲ့ပျင်းဖို့ကောင်းတယ်လို့ထင်ခဲ့ပါတယ်။
(2) つまらないと思った。
ဖြစ်ပါတယ်ရှင်။