CV  Form  ရေးနည်း

ဂျပန်နိုင်ငံသို့ကျောင်းတက်ရန်သွားကြမည့် ကျောင်းသားကျောင်းသူများသို့

ရေးခဲ့ဖူးသည့်စာမူလေးမှ ကိုက်ညီမည့်အပိုင်းလေးကို ပြန်လည်တည်းဖြတ်၍တင်ပေးလိုက်ပါသည်။
(၁) ဂျပန်ရောက်ပြီဆိုလျှင်ပထမဆုံး ရက်ကွက်ရုံးမှာနာမည်စာရင်းသွင်းရမည်။(ကျောင်းမှလိုက်လုပ်ပေးပါလိမ့်မည်။)
ထိုအခါဇိုင်းလျူးကတ်၏နောက်ကျောဘက်တွင် သင်နေထိုင်ရာ လိပ်စာကိုတုံးထုပြီးစာရင်းသွင်းပေးပါလိမ့်မည်။ အဆိုပါမှတ်တမ်းကို မြေပုံနှင့်တကွမှတ်တမ်းပြုပြီးရပ်ကွက်ရုံးမှထိန်းသိမ်းထားပါလိမ့်မည်။
(၂)အဆိုပါရပ်ကွက်ရုံးတွင်ပင် တလက်စတည်း ကျန်းမာရေးအာမခံ(国民健康保険)(こくみんけんこうほけん)
ဝင်ရပါမည်။ 保険 (ほけん) ဝင်သည်ဟုခေါ်ပါသည်။
စဝင်သည့်လမှာ ယန်းသုံးထောင်ကျော်ခန့်
ပေးဆောင်ရမည်ဖြစ်ပြီး ဒုတိယလမှစတင်ပြီး
တစ်ထောင်ကျော်ခန့်သာပေးဆောင်နိုင်ရန်
အဆိုပါရုံးတွင်ပင် ဖောင်ဖြည့်ပြီးပြန်တင်၍ရပါသည်။
အဆိုပါကတ်ကိုပြုလုပ်ထားပါကတစုံတစ်ခုသောအကြောင်း
ကြောင့်ဆေးရုံဆေးခန်းသို့သွားရတော့မည်ဆိုပါကကျသင့်ငွေထဲမှ၃၀ ရာခိုင်နှုန်းကိုသာပေးဆောင်ရတော့မည်ဖြစ်ပါသည်။ တစ်နှစ်စာ ကိုတစ်ကြိမ်တည်းအားလုံးပေးသွင်း၍လည်းရနိုင်သလို လစဉ်ခွဲသွင်းသွား၍လည်းရပါသည်။
ပထမနှစ်ကတော့ အများအားဖြင့် ယန်းတစ်သောင်းကျော်ခန့်သာ ကျသင့်သော်လည်း ဒုတိယနှစ်မှာတော့ မိမိ၏ဝင်ငွေအပေါ်မှာ မူတည်ပြီးတွက်ချက်မည်ဖြစ်သောကြောင့် အပြောင်းအလဲရှိနိုင်ပါသည်။
(၃) ဂျပန်သို့ရောက်ရောက်ချင်းအရင်ဆုံးလုပ်သင့်သည်မှာ 印鑑 (いんかん) ဟုခေါ်သည့် တံဆိပ်တုံး လေးကို
ပြုလုပ်ရန်ဖြစ်ပါသည်။
အဆိုပါတံဆိပ်တုံးမရှိလျှင် ဘဏ်ကတ်လုံးဝပြုလုပ်၍မရနိုင်ပါ။
(၄) ဘဏ်ကတ်ပြုလုပ်ရန်အတွက်ကိုတော့ ရပ်ကွက်ရုံးတွင်နေထိုင်သည့်လိပ်စာစာရင်းသွင်းပြီးသား ဇိုင်းလျူးကတ် နှင့် (いんかん)တံဆိပ်တုံးမဖြစ်မနေလိုအပ်ပါသည်။ အနဲဆုံးယန်း၁၀၀ ဖြင့်အကောင့်စဖွင့်နိုင်ပါသည်။
ယခုနောက်ပိုင်းတွင် (ゆうちょう)စာတိုက်ဘဏ်ကတ်သည်ပြုလုပ်ရအလွယ်ကူဆုံး ဖြစ်ပါသည်။ အချို့ဘဏ်ကတ်များမှာ ဂျပန်တွင် ခြောက်လခန့်နေထိုင်ပြီးမှသာပြုလုပ်၍ရနိုင်သည်ဟုလည်းသိရပါသည်။ကျောင်းအပေါ်တွင်မူတည်၍လည်းကွာခြားပါသည်။
ဘဏ့်အကောင့်မှာစဖွင့်ဖွင့်ချင်းဘဏ်ကတ်ကိုမရနိုင်သေးပါ။
အရင်ဆုံးဘဏ်စာအုပ်ကိုထုတ်ပေးပါလိမ့်မည်။
လျှောက်ထားပြီး တစ်ပတ်မှဆယ်ရက်ခန်ု့အတွင်းအဆိုပါဘဏ်ကတ်ကို အိမ်အရောက်စာတိုက်ဝန်ထမ်းမှ
ပို့ပေးပါလိမ့်မည်။
အကယ်၍မိမိအိမ်မှာမရှိသည့်အခါမျိုးဖြစ်နေပါလျှင်
အဆိုပါဘဏ်ကတ်ကိုစာတိုက်ပုံးထဲတွင်ထားခဲ့လိမ့်မည်
မဟုတ်ပါ။
不在票(ふざいひょう) ဆိုသည့်စာရွက်ကလေးကို
ထားခဲ့ပါလိမ့်မည်။
အဆိုပါစာရွက်ကလေးကိုကျောင်းသို့ယူလာပြီးကျောင်းသားရေးရာဌာနမှဆရာတစ်ဦးဦးကို အဆိုပါစာတိုက်ဘဏ်သို့ဖုန်းဆက်ပေးရန် အကူအညီတောင်းပြီး မိမိအိမ်မှာရှိနေနိုင်မည့်အချိန်ကို ပြောပြီးဘဏ်ကတ်ကိုပြန်ပို့ပေးပါရန်
ပြုလုပ်ရပါမည်။
(အဆိုပါဘဏ်ကတ်ကိုထိုကဲ့သို့ပြန်လည်မလျှောက်ထားပါက
နှစ်ပတ်ခန်ကြာသည့်အခါဘဏ်မှပယ်ဖျက်ပစ်လိုက်မည်ဖြစ်သောအသစ်ပြန်လည်လျှောက်ထားရပါလိမ့်မည်။
ထ်ု့ကြောင့်အထူးသတိပြုရန်လိုအပ်ပါသည်။)
(၅)အဆိုပါဘဏ်ကတ်ကိုရပြီဆိုပါကဖုန်းဝယ်ရန်
ပြုလုပ်ရပါတော့မည်။ ဖုန်းကုမ္ပဏီအဖြစ် DOCOMO, Soft Bank, AU, Y Mobile စသည်တို့တွင်မိမိနှစ်သက်ရာကုမ္ပဏီအားရွေးချယ်ပြီးဝယ်ယူနိုင်ပါသည်။
ဖုန်းဝယ်ပြီဆိုလျှင် အသက်၂၀ မပြည့်သေးသူဖြစ်ပါက အာမခံပေးမည့်သူလိုအပ်ပါသည်။ အာမခံပေးမည့်သူမရှိလျှင် အခက်အခဲရှိနိုင်ပါသည်။
(၆)ယခုနှစ်ပိုင်းမှစတင်ပြီးကျင့်သုံးနေသောစနစ်တစ်ခုမှာ DOCOMO, Soft Bank နှင့် AU တို့တွင်ဖုန်းဝယ်လျှင်
ငွေချေရန်အတွက် (ခရက်ဒစ်ကတ်) မဖြစ်မနေလိုအပ်လာပါသည်။ Y Mobile ကတော့ခရက်ဒစ်ကတ်မလ်ုဟုဆိုပါသည်။
အဆင်ပြေမည်ဆိုပါလျှင် မြန်မာပြည်တွင်မိမိကိုင်ဆောင်ခဲ့သောဖုန်းနှင့် Model ကိုက်ညီပါက Simcard Free ထည့်ပြီးအသုံးပြုနိုင်သောကြောင့် အကုန်အကျသက်သာသွာူနိုင်ပါသည်။)
(ခရက်ဒစ်ကတ်နှင့်ပတ်သက်၍လည်းအမျိုးမျိုးသောပြသနာများနှင့် ကြုံတွေ့နိုင်သောကြောင့်သတိပြုပြီးသုံးစွဲသင့်ပါသည်။)
(၇) နောက်ထပ်အရေးကြီးသည့်ကတ်တစ်ခုရောက်ဖို့ရှိပါသည်။ သူကတော့ My Number ပါ။ ပေးပို့လိုက်သော စာရွက်ကလေးမှ ကတ်နံပါတ်တစ်ခုထဲကို ဖြတ်၍လည်းသိမ်းထားနိုင်သလို၊ ကတ်အဖြစ်လည်းသိမ်းချင်သူများ ဖောင်ဖြည့်၍ လျှောက်ထားရယူနိုင်ပါသည်။
အထက်ဖော်ပြပါ ကတ်များစုံလင်သွားပြီဆိုလျှင်တော့
အလုပ်လျှောက်၍ရပြီဖြစ်ပါသည်။
(ဆက်လက်၍ဖော်ပြပေးသွားပါဦးမည်။)

 

Mioka Ei Ei Chaw (TIME STUDY Magazine)